62. လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။
63. ဤလူဦးရေစာရင်းသည်မောရှေနှင့်ဧလာဇာ တို့က ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နား ရှိမောဘလွင်ပြင်တွင် ဣသရေလအမျိုး သားတို့ကိုသားချင်းစုအလိုက်ကောက်ယူ သည့်စာရင်းဖြစ်သတည်း။-
64. ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
65. ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။