တော​လည် 26:49-65 Common Language Bible (BCL)

49. ယေ​ဇ​ရ​၏​သား​ချင်း​စု​နှင့်​ရှိလ္လင်​သား​ချင်း​စု တို့​ဖြစ်​သည်။-

50. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း​ငါး ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။

51. ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။

52-56. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

57. လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။-

58. ထို​သူ​တို့​မှ​တစ်​ဆင့်​လိ​ဗ​နိ​သား​ချင်း​စု၊ ဟေ ဗြော​နိ​သား​ချင်း​စု၊ မာ​လိ​သား​ချင်း​စု၊ မု​ရှိ သား​ချင်း​စု​နှင့်​ကော​ရ​သိ​သား​ချင်း​စု​တို့ ဆင်း​သက်​လာ​ကြ​သည်။ ကော​ဟတ်​၏​သား အာ​မ​ရံ​သည်၊-

59. လေ​ဝိ​၏​သ​မီး​ယော​ခေ​ဗက်​၏​ခင်​ပွန်း​ဖြစ် သည်။ ယော​ခေ​ဗက်​သည်​အီ​ဂျစ်​ပြည်​၌​ဖွား မြင်​ခဲ့​သည်။ အာ​မ​ရံ​နှင့်​ယော​ခေ​ဗက်​တို့​သည် သား​များ​ဖြစ်​သော​အာ​ရုန်​နှင့်​မော​ရှေ၊ သ​မီး ဖြစ်​သော​မိ​ရိ​အံ​တို့​ကို​ရ​ကြ​သည်။-

60. အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ သည်။-

61. နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား မ​ပူ​ဇော်​ထိုက်​သော​မီး​ဖြင့်​ပူ​ဇော်​သော ကြောင့်​သေ​ဆုံး​ခဲ့​ကြ​၏။-

62. လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။

63. ဤ​လူ​ဦး​ရေ​စာ​ရင်း​သည်​မော​ရှေ​နှင့်​ဧ​လာ​ဇာ တို့​က ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား ရှိ​မော​ဘ​လွင်​ပြင်​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​သား​ချင်း​စု​အ​လိုက်​ကောက်​ယူ သည့်​စာ​ရင်း​ဖြစ်​သ​တည်း။-

64. ဤ​လူ​ဦး​ရေ​စာ​ရင်း​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့ သိ​နာ​တော​ကန္တာ​ရ​၌​ကောက်​ယူ​ခဲ့​သော​ပ​ထ​မ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ပါ​ရှိ​ချေ။-

65. ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။

တော​လည် 26