တော​လည် 26:43-58 Common Language Bible (BCL)

43. ဦး​ရေ​မှာ​ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ​ယောက် ဖြစ်​သည်။

44. အာ​ရှာ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ယိ​မ​န သား​ချင်း​စု၊ ယေ​သ​ဝိ​သား​ချင်း​စု​နှင့်​ဗေ​ရိ သား​ချင်း​စု​တို့​ဖြစ်​သည်။-

45. ဟေ​ဗေ​ရ​သား​ချင်း​စု​နှင့်​မာ​လ​ချေ​လ​၏ သား​ချင်း​စု​တို့​သည် ဗေ​ရိ​မှ​ဆင်း​သက်​လာ​သည်။-

46. အာ​ရှာ​တွင်​စာ​ရာ​နာ​မည်​ရှိ​သ​မီး​တစ်​ယောက် ရှိ​၏။-

47. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း သုံး​ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။

48. န​ဿ​လိ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယာ​ဇေ​လ ၏​သား​ချင်း​စု၊ ဂု​နိ​၏​သား​ချင်း​စု၊-

49. ယေ​ဇ​ရ​၏​သား​ချင်း​စု​နှင့်​ရှိလ္လင်​သား​ချင်း​စု တို့​ဖြစ်​သည်။-

50. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း​ငါး ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။

51. ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။

52-56. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

57. လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။-

58. ထို​သူ​တို့​မှ​တစ်​ဆင့်​လိ​ဗ​နိ​သား​ချင်း​စု၊ ဟေ ဗြော​နိ​သား​ချင်း​စု၊ မာ​လိ​သား​ချင်း​စု၊ မု​ရှိ သား​ချင်း​စု​နှင့်​ကော​ရ​သိ​သား​ချင်း​စု​တို့ ဆင်း​သက်​လာ​ကြ​သည်။ ကော​ဟတ်​၏​သား အာ​မ​ရံ​သည်၊-

တော​လည် 26