42. ဒန်အနွယ်မှရှုဟံသားချင်းစု၏၊-
43. ဦးရေမှာခြောက်သောင်းလေးထောင့်လေးရာယောက် ဖြစ်သည်။
44. အာရှာအနွယ်မှသားချင်းစုများမှာယိမန သားချင်းစု၊ ယေသဝိသားချင်းစုနှင့်ဗေရိ သားချင်းစုတို့ဖြစ်သည်။-
45. ဟေဗေရသားချင်းစုနှင့်မာလချေလ၏ သားချင်းစုတို့သည် ဗေရိမှဆင်းသက်လာသည်။-
46. အာရှာတွင်စာရာနာမည်ရှိသမီးတစ်ယောက် ရှိ၏။-
47. ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း သုံးထောင့်လေးရာယောက်ဖြစ်သည်။
48. နဿလိအနွယ်မှသားချင်းစုများမှာ ယာဇေလ ၏သားချင်းစု၊ ဂုနိ၏သားချင်းစု၊-
49. ယေဇရ၏သားချင်းစုနှင့်ရှိလ္လင်သားချင်းစု တို့ဖြစ်သည်။-
50. ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်းငါး ထောင့်လေးရာယောက်ဖြစ်သည်။
51. ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
52-56. ထာဝရဘုရားသည်မောရှေအား``အနွယ် တို့၏ဦးရေအနည်းအများအလိုက်ခါနာန် ပြည်ကိုခွဲဝေပေးလော့။ လူဦးရေများသော အနွယ်တို့အတွက်မြေပို၍လည်းကောင်း၊ လူဦး ရေနည်းသောအနွယ်တို့အတွက်မြေလျော့နည်း ၍လည်းကောင်းစာရေးတံချ၍ဝေပေးရမည်'' ဟုမိန့်တော်မူ၏။
57. လေဝိအနွယ်တွင်ဂေရရှုံသားချင်းစု၊ ကော ဟတ်သားချင်းစုနှင့်မေရာရိသားချင်းစု တို့ပါဝင်ကြသည်။-
58. ထိုသူတို့မှတစ်ဆင့်လိဗနိသားချင်းစု၊ ဟေ ဗြောနိသားချင်းစု၊ မာလိသားချင်းစု၊ မုရှိ သားချင်းစုနှင့်ကောရသိသားချင်းစုတို့ ဆင်းသက်လာကြသည်။ ကောဟတ်၏သား အာမရံသည်၊-
59. လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။-
60. အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ သည်။-
61. နာဒပ်နှင့်အဘိဟုတို့သည်ထာဝရဘုရား အား မပူဇော်ထိုက်သောမီးဖြင့်ပူဇော်သော ကြောင့်သေဆုံးခဲ့ကြ၏။-
62. လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။