37. ဤသားချင်းစုတို့၏ဦးရေမှာ သုံးသောင်းနှစ် ထောင့်ငါးရာယောက်ဖြစ်သည်။ဤသားချင်းစုတို့သည်ယောသပ်မှဆင်းသက် လာသည်။
38. ဗင်္ယာမိန်အနွယ်မှသားချင်းစုများမှာဗေလ ၏သားချင်းစု၊ အာရှဗေလ၏သားချင်းစု၊ အဟိရံ၏သားချင်းစု၊-
39. ရှုဖံ၏သားချင်းစုနှင့်ဟုဖံ၏သားချင်းစုတို့ ဖြစ်သည်။-
40. အာရဒ၏သားချင်းစုနှင့်နေမန်၏သားချင်း စုတို့သည် ဗေလမှဆင်းသက်လာကြသည်။-
41. ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်းငါး ထောင့်ခြောက်ရာယောက်ဖြစ်သည်။
42. ဒန်အနွယ်မှရှုဟံသားချင်းစု၏၊-
43. ဦးရေမှာခြောက်သောင်းလေးထောင့်လေးရာယောက် ဖြစ်သည်။
44. အာရှာအနွယ်မှသားချင်းစုများမှာယိမန သားချင်းစု၊ ယေသဝိသားချင်းစုနှင့်ဗေရိ သားချင်းစုတို့ဖြစ်သည်။-
45. ဟေဗေရသားချင်းစုနှင့်မာလချေလ၏ သားချင်းစုတို့သည် ဗေရိမှဆင်းသက်လာသည်။-
46. အာရှာတွင်စာရာနာမည်ရှိသမီးတစ်ယောက် ရှိ၏။-
47. ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း သုံးထောင့်လေးရာယောက်ဖြစ်သည်။
48. နဿလိအနွယ်မှသားချင်းစုများမှာ ယာဇေလ ၏သားချင်းစု၊ ဂုနိ၏သားချင်းစု၊-
49. ယေဇရ၏သားချင်းစုနှင့်ရှိလ္လင်သားချင်းစု တို့ဖြစ်သည်။-
50. ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်းငါး ထောင့်လေးရာယောက်ဖြစ်သည်။
51. ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
52-56. ထာဝရဘုရားသည်မောရှေအား``အနွယ် တို့၏ဦးရေအနည်းအများအလိုက်ခါနာန် ပြည်ကိုခွဲဝေပေးလော့။ လူဦးရေများသော အနွယ်တို့အတွက်မြေပို၍လည်းကောင်း၊ လူဦး ရေနည်းသောအနွယ်တို့အတွက်မြေလျော့နည်း ၍လည်းကောင်းစာရေးတံချ၍ဝေပေးရမည်'' ဟုမိန့်တော်မူ၏။