34. ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း နှစ်ထောင့်ခုနစ်ရာယောက်ဖြစ်သည်။
35. ဧဖရိမ်အနွယ်မှသားချင်းစုများမှာ ရှုသလ၏ သားချင်းစု၊ ဗေခါ၏သားချင်းစုနှင့်တာဟန်၏ သားချင်းစုတို့ဖြစ်သည်။-
36. ဧရန်၏သားချင်းစုသည် ရှုသလမှဆင်းသက် လာသည်။-
37. ဤသားချင်းစုတို့၏ဦးရေမှာ သုံးသောင်းနှစ် ထောင့်ငါးရာယောက်ဖြစ်သည်။ဤသားချင်းစုတို့သည်ယောသပ်မှဆင်းသက် လာသည်။
38. ဗင်္ယာမိန်အနွယ်မှသားချင်းစုများမှာဗေလ ၏သားချင်းစု၊ အာရှဗေလ၏သားချင်းစု၊ အဟိရံ၏သားချင်းစု၊-
39. ရှုဖံ၏သားချင်းစုနှင့်ဟုဖံ၏သားချင်းစုတို့ ဖြစ်သည်။-
40. အာရဒ၏သားချင်းစုနှင့်နေမန်၏သားချင်း စုတို့သည် ဗေလမှဆင်းသက်လာကြသည်။-