2. ``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-
5. ရုဗင်အနွယ်(ရုဗင်သည်ယာကုပ်၏သားဦး ဖြစ်၏) သားချင်းစုများမှာဟာနုတ်၏သား ချင်းစု၊ ဖာလု၏သားချင်းစု၊-
6. ဟေဇရုံ၏သားချင်းစုနှင့်ကာမိ၏သားချင်း စုတို့ဖြစ်သည်။
7. ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်း သုံးထောင့်ခုနစ်ရာ့သုံးဆယ်ယောက်ဖြစ်သည်။-
8. ဖာလု၏အဆက်အနွယ်များမှာဧလျာဘနှင့်၊-
9. သူ၏သားများဖြစ်သောနေမွေလ၊ ဒါသန်၊ အဘိရံတို့ဖြစ်ကြသည်။ (ဒါသန်နှင့်အဘိရံ တို့သည်ဣသရေလအမျိုးသားအပေါင်း တို့ကခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရ၍ မောရှေနှင့်အာရုန်တို့၏အာဏာကိုဖီဆန် လျက် ကောရ၏နောက်လိုက်များနှင့်အတူ ထာဝရဘုရားကိုပုန်ကန်ခဲ့သူများ ဖြစ်ကြ၏။-
10. ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။-
11. သို့ရာတွင်ကောရ၏သားများသည်သေ ဘေးမှလွတ်ကြ၏။)
12. ရှိမောင်အနွယ်မှသားချင်းစုများမှာ ယေ မွေလ၏သားချင်းစု၊ ယာမိန်၏သားချင်းစု၊ ယာခိန်၏သားချင်းစု၊-
13. ဇေရ၏သားချင်းစုနှင့်ရှောလ၏ သားချင်း စုတို့ဖြစ်သည်။-
14. ဤသားချင်းစုတို့၏ဦးရေမှာနှစ်သောင်း နှစ်ထောင့်နှစ်ရာယောက်ဖြစ်သည်။