10. ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။-
11. သို့ရာတွင်ကောရ၏သားများသည်သေ ဘေးမှလွတ်ကြ၏။)
12. ရှိမောင်အနွယ်မှသားချင်းစုများမှာ ယေ မွေလ၏သားချင်းစု၊ ယာမိန်၏သားချင်းစု၊ ယာခိန်၏သားချင်းစု၊-
13. ဇေရ၏သားချင်းစုနှင့်ရှောလ၏ သားချင်း စုတို့ဖြစ်သည်။-
14. ဤသားချင်းစုတို့၏ဦးရေမှာနှစ်သောင်း နှစ်ထောင့်နှစ်ရာယောက်ဖြစ်သည်။
15. ဂဒ်အနွယ်မှသားချင်းစုများမှာ ဇေဖုန်၏ သားချင်းစု၊ ဟ္ဂိ၏သားချင်းစု၊ ရှုနိ၏သား ချင်းစု၊-
16. သြဇနိ၏သားချင်းစု၊ ဧရိ၏သားချင်းစု၊-
17. အာရုဒ်၏သားချင်းစုနှင့်အရေလိတို့၏ သားချင်းစုတို့ဖြစ်သည်။-
18. ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်း ငါးရာယောက်ဖြစ်သည်။
19. ယုဒအနွယ်မှသားချင်းစုများမှာ (ယုဒ ၏သားနှစ်ယောက်ဖြစ်သောဧရနှင့်သြနန် တို့သည်ခါနာန်ပြည်တွင်သေဆုံးခဲ့ကြ၏။-)
20. ရှေလ၏သားချင်းစု၊ ဖာရဇ်၏သားချင်းစု၊ ဇေရ၏သားချင်းစု၊-