12. ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။-
13. သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
14. မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-
15. အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
16-17. ထာဝရဘုရားသည်မောရှေအား``မိဒျန် အမျိုးသားတို့ကိုတိုက်ခိုက်သုတ်သင်ဖျက် ဆီးလော့။