1. ဣသရေလအမျိုးသားတို့သည်အကားရှား ချိုင့်ဝှမ်းတွင်စခန်းချလျက်ရှိနေကြစဉ် အမျိုး သားအချို့တို့သည်ထိုအရပ်သူမောဘ အမျိုးသမီးတို့နှင့်မှားယွင်းကြ၏။-
10. ထာဝရဘုရားကမောရှေအား၊-
11. ``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။-
12. ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။-
13. သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
14. မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-
15. အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။
16-17. ထာဝရဘုရားသည်မောရှေအား``မိဒျန် အမျိုးသားတို့ကိုတိုက်ခိုက်သုတ်သင်ဖျက် ဆီးလော့။