တော​လည် 24:20-24 Common Language Bible (BCL)

20. ထို​နောက်​ဗာ​လမ်​သည်​အာ​မ​လက်​အ​မျိုး​သား တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။``အာ​မ​လက်​နိုင်​ငံ​သည်​အင်​အား အ​ကြီး​ဆုံး​နိုင်​ငံ​ဖြစ်​၏။သို့​ရာ​တွင်​နောက်​ဆုံး​၌​ထို​နိုင်​ငံ​သည် ပျက်​သုဉ်း​ရ​လိမ့်​မည်။''

21. တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည်ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။

22. သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​လိမ့်​မည်။ထို​အ​ခါ​သင်​တို့​သည်​ပျက်​စီး​ဆုံး​ပါး​လိမ့်​မည်။''

23. ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို သည်။``မြောက်​အ​ရပ်​တွင်​မည်​သူ​တို့​စု​ရုံး​နေ​ကြ သ​နည်း။

24. ကု​ပ​ရု​ကျွန်း​မှ​ရန်​သူ​သင်္ဘော​များ​သည်​လာ​၍အာ​ရှု​ရိ​ပြည်​နှင့်​ဟေ​ဗာ​ပြည်​တို့​ကို​တိုက်​ခိုက် အောင်​မြင်​လိမ့်​မည်။သို့​ရာ​တွင်​သူ​တို့​ကိုယ်​တိုင်​လည်း​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။''

တော​လည် 24