တော​လည် 24:1-12-13 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို ကောင်း​ချီး​ပေး​စေ​လို​ကြောင်း​သိ​မြင်​သော အ​ခါ ဗာ​လမ်​သည်​ယ​ခင်​က​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ထံ​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ခံ​ယူ​ရန်​မ​ကြိုး စား​တော့​ချေ။ သူ​သည်​တော​ကန္တာ​ရ​ဘက်​သို့ လှည့်​ကြည့်​ရာ၊-

10. ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။-

11. ယ​ခု​ကိုယ်​တော်​ပြန်​ပါ​လော့။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အား ဆု​လာဘ်​များ​ချီး​မြှင့်​မည်​ဟု က​တိ​ထား​ခဲ့​သော်​လည်း ထို​သို့​ချီး​မြှင့်​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​အ​လို​တော်​မ​ရှိ'' ဟု ဆို​လေ​၏။

12-13. ဗာ​လမ်​က``သင်​၏​နန်း​တော်​တွင် ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို​ပေး​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆန့်​ကျင်​၍ ငါ့​အ​လို​အ​လျောက်​မည်​သို့ မျှ​မ​ပြု​နိုင်​ဟု​သင်​စေ​လွှတ်​သော​သံ​တ​မန်​တို့ အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​သာ​ပြော​ရ​မည်'' ဟု​ဖြေ​ကြား​လေ​၏။

တော​လည် 24