7. ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာအရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
8. ဘုရားသခင်ကျိန်ဆဲတော်မမူသောသူတို့ ကို ငါအဘယ်သို့ကျိန်ဆဲနိုင်မည်နည်း။ဘုရားသခင်ရှုတ်ချတော်မမူသောသူတို့ကို ငါအဘယ်သို့ရှုတ်ချနိုင်မည်နည်း။
9. ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
10. ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့်မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။''
11. ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်မည်သို့ပြုလုပ်လိုက်ပါသနည်း။ အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့ပါသော်လည်း ကိုယ်တော်သည်သူတို့ ကိုကောင်းချီးပေးပါသည်တကား'' ဟုဆို၏။