တော​လည် 23:6-13 Common Language Bible (BCL)

6. သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာလက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ်​ပလ္လင် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​လေ​၏။

7. ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​၏။``မော​ဘ​ပြည်​ဘု​ရင်​ဗာ​လက်​က​ရှု​ရိ​ပြည်​တည်​ရာအ​ရှေ့​တောင်​တန်း​များ​မှ​ငါ့​အား​ခေါ်​ဆောင်​ခဲ့​လေ ပြီ။ဘု​ရင်​က`လာ​၍​ယာ​ကုပ်​အ​ဆက်​အ​နွယ်​တို့​ကို ကျိန်​ဆဲ​ပါ​လော့။လာ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရှုတ်​ချ​ပါ​လော့' ဟု​ဆို​၏။

8. ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။ဘု​ရား​သ​ခင်​ရှုတ်​ချ​တော်​မ​မူ​သော​သူ​တို့​ကို ငါ​အ​ဘယ်​သို့​ရှုတ်​ချ​နိုင်​မည်​နည်း။

9. ငါ​သည်​ကျောက်​တောင်​များ​ပေါ်​မှ​သူ​တို့​ကို မြင်​ရ​၏။ငါ​သည်​တောင်​ကုန်း​များ​ပေါ်​မှ​သူ​တို့​ကို​ရှု မြင်​နိုင်​၏။သူ​တို့​သည်​လူ​မျိုး​အ​ပေါင်း​တို့​တွင်​ထူး​ခြား သော လူ​မျိုး​ဖြစ်​၏။အ​ခြား​လူ​များ​ထက်​ကောင်း​ချီး​ပို​၍​ခံ​စား ရ​သူ​များ ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ​၏။

10. ဣ​သ​ရေ​လ​အ​ဆက်​အ​နွယ်​တို့​သည်​များ​ပြား လှ​သ​ဖြင့်မြေ​မှုန့်​ကို​မ​ရေ​မ​တွက်​နိုင်​သ​ကဲ့​သို့၊ သူ​တို့​ကို​မ​ရေ​မ​တွက်​နိုင်။ဘု​ရား​သ​ခင်​၏​လူ​စု​ဝင်​တစ်​ယောက်​ကဲ့​သို့ သေ​ရ​ပါ​လို​၏။ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​ငြိမ်း​ချမ်း​စွာ​သေ​ရ ပါ​လို​၏။''

11. ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

12. ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။

13. ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-

တော​လည် 23