6. သူတို့သည်ငါတို့ထက်လူအင်အားပိုများ သဖြင့် လာ၍သူတို့ကိုကျိန်ဆဲပါလော့။ သို့ ပြုလျှင်သူတို့ကိုငါတိုက်ခိုက်၍ နှင်ထုတ်နိုင် ကောင်းနှင်ထုတ်နိုင်ပါလိမ့်မည်။ ကိုယ်တော် ကောင်းချီးပေးသူတို့သည်ကောင်းချီးကို ခံရ၍ ကိုယ်တော်ကျိန်ဆဲသောသူတို့သည် ကျိန်စာသင့်ကြပါလိမ့်မည်'' ဟုဖော်ပြ ပါရှိလေသည်။
7. ထို့ကြောင့်မောဘအမျိုးသားနှင့်မိဒျန် အမျိုးသားခေါင်းဆောင်တို့သည် ခြေကြွခ ငွေကိုယူဆောင်၍ ဗာလမ်ထံသို့သွားပြီး လျှင်ဗာလက်၏လျှောက်ထားချက်ကို တင်ပြကြလေသည်။-
8. ထိုအခါဗာလမ်ကသူတို့အား``ယနေ့ည ဤအရပ်တွင်တည်းခိုနေကြပါဦး။ ထာဝရ ဘုရားကငါ့အားမည်ကဲ့သို့မိန့်မှာတော်မူ ကြောင်း နက်ဖြန်နေ့တွင်ငါပြောပြပါမည်'' ဟုဆိုလေ၏။ ထို့ကြောင့်မောဘအမျိုးသား ခေါင်းဆောင်တို့သည်ဗာလမ်ထံ၌တည်းခို ကြလေသည်။
9. ဘုရားသခင်သည်ဗာလမ်ထံသို့ကြွလာ ၍``သင်နှင့်အတူတည်းခိုနေသူများသည် မည်သူတို့နည်း'' ဟုမေးတော်မူ၏။
10. ထိုအခါဗာလမ်က``မောဘပြည်ဘုရင် ဗာလက်ထံမှလာသောသူများဖြစ်ကြ ပါသည်။-
11. ဗာလက်ကအီဂျစ်ပြည်မှလာသောလူမျိုး တစ်မျိုးသည် မြေမျက်နှာပြင်အနှံ့အပြား သို့ရောက်ရှိနေကြောင်း၊ ထိုသူတို့ကိုတိုက်ခိုက် နှင်ထုတ်နိုင်ရန်အကျွန်ုပ်အား သူတို့ထံသို့ သွား၍ထိုသူတို့ကိုကျိန်ဆဲပါမည့် အကြောင်းအကြောင်းကြားလိုက်ပါသည်'' ဟုလျှောက်ထားလေသည်။
12. ဘုရားသခင်ကဗာလမ်အား``သင်သည်ဤ သူတို့နှင့်အတူမလိုက်သွားရ။ ဣသရေလ အမျိုးသားတို့သည် ငါ၏ကောင်းချီးမင်္ဂလာ ကိုခံရသောသူများဖြစ်သဖြင့်သူတို့ ကိုမကျိန်ဆဲရ'' ဟုမိန့်တော်မူ၏။
13. နောက်တစ်နေ့နံနက်တွင်ဗာလမ်ကဗာလက် ၏သံတမန်တို့အား``သင်တို့ပြန်ကြလော့။ သင် တို့နှင့်အတူလိုက်ရန်ထာဝရဘုရားသည် ငါ့ အားအခွင့်ပေးတော်မမူ'' ဟုပြောလေ၏။-
14. ထိုကြောင့်သူတို့သည်ဗာလက်ထံသို့ပြန်၍ သူ တို့နှင့်အတူဗာလမ်မလိုက်လိုကြောင်းလျှောက် ထားကြလေသည်။
15. ထိုနောက်ဗာလက်သည်ယခင်တစ်ကြိမ်ထက် အရေအတွက်များ၍ ပိုမြင့်သောစေတမန် များကိုဗာလမ်ထံသို့စေလွှတ်လိုက်လေ သည်။-
16. သူတို့သည်ဗာလမ်ထံသို့သွား၍``ငါ့ထံလာ ဖြစ်အောင်လာပါလော့။-
17. ကိုယ်တော်အားထိုက်ထိုက်တန်တန်ချီးမြှင့် ပါမည်။ ကိုယ်တော်ခိုင်းစေသမျှကိုဆောင်ရွက် ပေးပါမည်။ ကြွလာ၍ဤသူတို့ကိုကျိန်ဆဲ ပါလော့'' ဟူသောဗာလက်၏လျှောက်ထား ချက်ကိုတင်ပြကြ၏။