တော​လည် 22:37-41 Common Language Bible (BCL)

37. ဗာ​လက်​က​ဗာ​လမ်​အား``အ​ကျွန်ုပ်​ပ​ထ​မ အ​ကြိမ်​ကိုယ်​တော်​ကို​ခေါ်​ရန်​စေ​လွှတ်​စဉ်​က အ​ဘယ်​ကြောင့်​လိုက်​၍​မ​လာ​ပါ​သ​နည်း။ ကိုယ်​တော်​အား​ထိုက်​တန်​စွာ​မ​ချီး​မြှင့်​နိုင် ဟု​ယူ​ဆ​ပါ​သ​လော'' ဟု​ဆီး​၍​မေး​လေ သည်။

38. ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-

39. သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာ​လက်​နှင့်​အ​တူ ဿု​ဇုတ်​မြို့​သို့​လိုက်​ပါ​သွား​လေ​သည်။-

40. ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။

41. နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။

တော​လည် 22