တော​လည် 22:12-16 Common Language Bible (BCL)

12. ဘု​ရား​သ​ခင်​က​ဗာ​လမ်​အား``သင်​သည်​ဤ သူ​တို့​နှင့်​အ​တူ​မ​လိုက်​သွား​ရ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​ခံ​ရ​သော​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့ ကို​မ​ကျိန်​ဆဲ​ရ'' ဟု​မိန့်​တော်​မူ​၏။

13. နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ်​က​ဗာ​လက် ၏​သံ​တ​မန်​တို့​အား``သင်​တို့​ပြန်​ကြ​လော့။ သင် တို့​နှင့်​အ​တူ​လိုက်​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​အ​ခွင့်​ပေး​တော်​မ​မူ'' ဟု​ပြော​လေ​၏။-

14. ထို​ကြောင့်​သူ​တို့​သည်​ဗာ​လက်​ထံ​သို့​ပြန်​၍ သူ တို့​နှင့်​အ​တူ​ဗာ​လမ်​မ​လိုက်​လို​ကြောင်း​လျှောက် ထား​ကြ​လေ​သည်။

15. ထို​နောက်​ဗာ​လက်​သည်​ယ​ခင်​တစ်​ကြိမ်​ထက် အ​ရေ​အ​တွက်​များ​၍ ပို​မြင့်​သော​စေ​တ​မန် များ​ကို​ဗာ​လမ်​ထံ​သို့​စေ​လွှတ်​လိုက်​လေ သည်။-

16. သူ​တို့​သည်​ဗာ​လမ်​ထံ​သို့​သွား​၍``ငါ့​ထံ​လာ ဖြစ်​အောင်​လာ​ပါ​လော့။-

တော​လည် 22