တော​လည် 20:9-17 Common Language Bible (BCL)

9. မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။

10. သူ​သည်​အာ​ရုန်​နှင့်​အ​တူ လူ​အ​ပေါင်း​တို့​ကို ကျောက်​ဆောင်​ရှေ့​တွင်​စု​ရုံး​စေ​၏။ ထို​နောက် မော​ရှေ​က``ပုန်​ကန်​သူ​တို့၊ နား​ထောင်​လော့။ ဤ ကျောက်​ဆောင်​ထဲ​မှ​သင်​တို့​အ​ဖို့​ရေ​ထွက် ရ​အောင် ငါ​တို့​ပြု​လုပ်​ရ​မည်​လော'' ဟု​ဆို​လျက်၊-

11. တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။

12. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။

13. မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။

14. မော​ရှေ​သည်​ကာ​ဒေ​ရှ​အ​ရပ်​မှ​ဧ​ဒုံ​ဘု​ရင်​ထံ သို့ သံ​တ​မန်​များ​ကို​စေ​လွှတ်​လိုက်​၏။ သံ​တ​မန် တို့​က​ဧ​ဒုံ​ဘု​ရင်​အား``ကိုယ်​တော်​၏​ဆွေ​မျိုး သား​ချင်း​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​မှ သ​တင်း​ပါး​လိုက်​ပါ​သည်။ အ​ကျွန်ုပ် တို့​ဆင်း​ရဲ​ဒုက္ခ​မည်​မျှ​ခံ​ခဲ့​ရ​ကြောင်း ကိုယ်​တော်​သိ​ပါ​၏။-

15. အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-

16. အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။-

17. ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။

တော​လည် 20