တော​လည် 20:26-29 Common Language Bible (BCL)

26. အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-

27. ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-

28. တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-

29. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။

တော​လည် 20