တော​လည် 20:22-23-29 Common Language Bible (BCL)

3. ``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။-

4. အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။-

5. အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။-

6. ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​လူ​အ​စု အ​ဝေး​မှ​ထွက်​ခွာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ် နေ​ကြ​၏။ သူ​တို့​သည်​ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ထင်​ရှား​လာ​၏။

7. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

8. ``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-

9. မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။

22-23. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-

24. ``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

25. အာ​ရုန်​နှင့်​သူ​၏​သား​ဧ​လာ​ဇာ​ကို​ဟော​ရ တောင်​ပေါ်​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင်၊-

26. အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-

27. ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-

28. တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-

29. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။

တော​လည် 20