19. ဣသရေလအမျိုးသားတို့က``အကျွန်ုပ်တို့ သည်လမ်းမကြီးအတိုင်းသာဖြတ်သန်းသွား ကြပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ တိရစ္ဆာန်များသည် ကိုယ်တော်၏ပြည်မှရေကို သောက်သုံးမိလျှင်ရေဖိုးကိုပေးပါမည်။ ဖြတ်သန်းခွင့်ကိုသာပေးတော်မူပါ'' ဟု လျှောက်ထားကြလေသည်။
20. ဧဒုံအမျိုးသားတို့က``ငါတို့ဖြတ်သန်းခွင့် မပြုနိုင်'' ဟုဆို၍ဣသရေလအမျိုးသား တို့ကိုတိုက်ခိုက်ရန် ဗိုလ်ပါအလုံးအရင်း နှင့်ချီတက်လာကြလေသည်။-
21. ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
22-23. ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-
24. ``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
25. အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊-
26. အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-