17. အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။
32. ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။-
33. ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
34. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။