27. ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။-
28. ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။-
29. သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။-
30. လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။-
31. ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။-
32. အလှူထဲမှအကောင်းဆုံးကိုထာဝရဘုရား အား ဆက်သပြီးမှစားသုံးလျှင်သင်တို့၌ အပြစ်မရှိ။ သို့ရာတွင်သင်တို့သည်ဣသရေလ အမျိုးသားတို့ပေးသော အလှူမှအကောင်းဆုံး ကိုထာဝရဘုရားအားမဆက်သမီစားသုံး ခြင်းအားဖြင့် အလှူကိုမညစ်ညူးမိစေရန် သတိပြုလော့။ ညစ်ညူးမိလျှင်သင်တို့သည် သေဒဏ်သင့်လိမ့်မည်'' ဟုမိန့်တော်မူ၏။