တော​လည် 18:1-16 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။-

2. သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။-

3. သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-

4. သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-

5. သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-

6. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-

7. သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-

9. မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-

10. သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။

11. ``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။

12. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-

13. ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။

14. ``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။

15. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-

16. တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-

တော​လည် 18