တော​လည် 17:4-7 Common Language Bible (BCL)

4. တောင်​ဝှေး​များ​ကို​ငါ​စံ​တော်​မူ​ရာ​တဲ တော်​သို့​ယူ​ဆောင်​၍​သင့်​ကို​ငါ​တွေ့​ဆုံ​ရာ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ထား​လော့။-

5. ငါ​ရွေး​ကောက်​သော​သူ​၏​တောင်​ဝှေး​မှ အ​ညှောက်​ထွက်​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သင့်​အား မ​ကြာ​ခ​ဏ​ညည်း​ညူ​အ​ပြစ်​တင်​ခြင်း ပြု​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

6. သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​သ​ဖြင့် အ​နွယ်​ဦး​စီး ခေါင်း​ဆောင်​တစ်​ဦး​စီ​က​တောင်​ဝှေး​တစ် ချောင်း​ကျ တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို သူ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​သည်။ အာ​ရုန်​၏ တောင်​ဝှေး​သည်​တစ်​ဆယ့်​နှစ်​ချောင်း​တွင် ပါ​ဝင်​၏။-

7. ထို​နောက်​မော​ရှေ​သည်​တဲ​တော်​ထဲ​ရှိ​ထာ​ဝ​ရ ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​တောင်​ဝှေး များ​ကို​ထား​လေ​သည်။

တော​လည် 17