တော​လည် 16:5-9 Common Language Bible (BCL)

5. ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။-

6-7. နက်​ဖြန်​နေ့​နံ​နက်​တွင်​သင်​နှင့်​သင်​၏​နောက် လိုက်​တို့​သည်​မီး​ကျီး​ခံ​အိုး​များ​တွင်​မီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ကို​ထည့်​၍​ယဇ်​ပလ္လင်​သို့​ယူ ဆောင်​သွား​လော့။ ထို​အ​ခါ​မည်​သူ့​အား ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​သိ​ရ​ကြ​လိမ့်​မည်။ လေ​ဝိ​အ​နွယ်​ဝင် ဖြစ်​သော​သင်​တို့​သာ​လျှင်​လွန်​ကဲ​သော အ​မှု​ကို​ပြု​သူ​များ​ဖြစ်​သည်'' ဟု​ဆို လေ​၏။

8. တစ်​ဖန်​မော​ရှေ​သည်​ကော​ရ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့၊ နား​ထောင်​လော့။-

9. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​ချဉ်း​ကပ်​ရန် ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​တွင်​အ​မှု​ထမ်း​ရန်​နှင့် တစ်​မျိုး သား​လုံး​၏​အ​မှု​ကို​ဆောင်​ရွက်​ရန်​သီး သန့်​ရွေး​ချယ်​တော်​မူ​၏။ ဤ​အ​ခွင့်​အ​ရေး သည်​သေး​သိမ်​သော​အ​ခွင့်​အ​ရေး​မ​ဟုတ်။-

တော​လည် 16