အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။