တော​လည် 16:4-13 Common Language Bible (BCL)

4. မော​ရှေ​သည်​သူ​တို့​ပြော​ဆို​သော​စ​ကား ကို​ကြား​လျှင် မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​ဆု တောင်း​လေ​၏။-

5. ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။-

8. တစ်​ဖန်​မော​ရှေ​သည်​ကော​ရ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့၊ နား​ထောင်​လော့။-

9. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​ချဉ်း​ကပ်​ရန် ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​တွင်​အ​မှု​ထမ်း​ရန်​နှင့် တစ်​မျိုး သား​လုံး​၏​အ​မှု​ကို​ဆောင်​ရွက်​ရန်​သီး သန့်​ရွေး​ချယ်​တော်​မူ​၏။ ဤ​အ​ခွင့်​အ​ရေး သည်​သေး​သိမ်​သော​အ​ခွင့်​အ​ရေး​မ​ဟုတ်။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​တ​ကွ​အ​ခြား သော​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ဤ​အ​ခွင့် အ​ရေး​ကို​ပေး​ထား​ပါ​လျက်​နှင့်​ယ​ခု​သင် တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​တောင်း​ဆို လာ​ကြ​ပါ​သည်​တ​ကား။-

11. သင်​နှင့်​သင်​၏​နောက်​လိုက်​အ​ပေါင်း​တို့​က အာ​ရုန်​ကို​အ​ပြစ်​တင်​ကြ​ခြင်း​သည်​စင်​စစ် အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခြင်း ပင်​ဖြစ်​သည်'' ဟု​ပြော​လေ​၏။

12. ထို​နောက်​မော​ရှေ​သည်​ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​ကို​ဆင့်​ခေါ်​သော်​လည်း သူ​တို့​သည်​မ လာ​ကြ။-

13. သူ​တို့​က``သင်​သည်​ငါ​တို့​ကို​တော​ကန္တာ​ရ​၌ သေ​ကုန်​စေ​ခြင်း​ငှာ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ သော​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပြီ​မ​ဟုတ် လော။ ယ​ခု​သင်​သည်​ငါ​တို့​အ​ပေါ်​တွင်​မင်း မူ​လို​ပါ​သ​လော။-

တော​လည် 16