30. သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။
31. မောရှေ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဒါသန်နှင့်အဘိရံအောက်တွင်ရှိသော မြေသည်ကွဲအက်၍၊-
32. သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-
33. ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။-
34. ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။
35. ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
36. ထိုနောက်ထာဝရဘုရားကမောရှေအား၊-
37. ``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။-