တော​လည် 16:23-27 Common Language Bible (BCL)

23. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

24. ``လူ​အ​ပေါင်း​တို့​ကို​ကော​ရ၊ ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​၍ နေ​ကြ​ရန်​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

25. ထို​အ​ခါ​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​ထံ​သို့​သွား​လေ​သည်။-

26. သူ​သည်​လူ​အ​ပေါင်း​တို့​အား``ဤ​ဆိုး​ယုတ် သော​သူ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​နေ ကြ​လော့။ သူ​တို့​နှင့်​ဆိုင်​သော​ပစ္စည်း​တစ်​စုံ တစ်​ခု​ကို​မျှ​လက်​ဖြင့်​မ​ထိ​ကြ​နှင့်။ ငါ ၏​စ​ကား​ကို​နား​မ​ထောင်​လျှင်​သင်​တို့ သည်​သူ​တို့​၏​အ​ပြစ်​ကြောင့် သူ​တို့​နှင့် အ​တူ​ပျက်​စီး​ကြ​ရ​လိမ့်​မည်'' ဟု သ​တိ​ပေး​လေ​၏။-

27. သို့​ဖြစ်​၍​သူ​တို့​သည်​ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​၏​တဲ​များ​မှ​ဝေး​ရာ​သို့ ခွာ​သွား​ကြ​လေ​သည်။ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​သည်​သား​မ​ယား များ​နှင့်​အ​တူ​ထွက်​၍ မိ​မိ​တို့​တဲ​ဝ​၌​ရပ် နေ​ကြ​သည်။-

တော​လည် 16