တော​လည် 16:1-2-5 Common Language Bible (BCL)

1-2. လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-

3. ထို​သူ​အ​ပေါင်း​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ရှေ့​တွင်​စု​ရုံး​ရောက်​ရှိ​လာ​၍``သင်​တို့​၏ အ​ပြု​အ​မူ​မှာ​လွန်​ကဲ​လေ​ပြီ။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​မျိုး​သား​လုံး​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ သို့ ဖြစ်​၍​မော​ရှေ​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ရိ​သတ်​အ​ပေါ်​မှာ​မိ​မိ​ကိုယ် ကို​ချီး​မြှောက်​ရ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။

4. မော​ရှေ​သည်​သူ​တို့​ပြော​ဆို​သော​စ​ကား ကို​ကြား​လျှင် မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​ဆု တောင်း​လေ​၏။-

5. ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။-

တော​လည် 16