တော​လည် 16:18-22 Common Language Bible (BCL)

18. ထို​ကြောင့်​လူ​တိုင်း​ပင်​မိ​မိ​၏​မီး​ကျီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ထည့်​၍​မော​ရှေ၊ အာ​ရုန်​တို့ နှင့်​အ​တူ​တဲ​တော်​တံ​ခါး​ဝ​၌​ရပ်​နေ ကြ​သည်။-

19. ကော​ရ​သည်​လူ​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ ၍​တဲ​တော်​တံ​ခါး​ဝ​တွင် မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​မျက်​နှာ​ချင်း​ဆိုင်​၍​ရပ်​နေ​စေ​သည်။ ထို​ခ​ဏ​ချင်း​တွင်​လူ​အ​ပေါင်း​တို့​ရှေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​လေ​သည်။-

20. ထာဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-

21. ဤ​သူ​တို့​အ​နီး​အ​ပါး​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့​ကို​ယ​ခု​ချက်​ချင်း​ဖျက် ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

22. သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။

တော​လည် 16