တော​လည် 15:37-41 Common Language Bible (BCL)

4-5. ထာ​ဝ​ရ​ဘု​ရား​အား​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​သော​သူ​သည် ယဇ် ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​အ​ဖြစ် သံ​လွင် ဆီ​နှစ်​ပိုင့်​နှင့်​ရော​ထား​သော​မုန့်​ညက်​နှစ်​ပေါင် အ​ပြင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လည်း​ယူ​ဆောင် ခဲ့​ရ​မည်။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုးသား​တို့​အား၊-

38. ``သင်​တို့​၏​အ​ဝတ်​အင်္ကျီ​ထောင့်​စွန်း​များ တွင်​ပန်း​ပွား​များ​ပြု​လုပ်​၍ ပန်း​ပွား​တစ်​ခု စီ​တွင်​ကြိုး​ပြာ​တပ်​ထား​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​ဤ​ပ​ညတ်​ကို​စောင့် ထိန်း​ရ​မည်။-

39. သင်​တို့​သည်​ပန်း​ပွား​များ​ကို​မြင်​သည့် အ​ခါ​တိုင်း ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို သ​တိ​ရ​၍​လိုက်​နာ​ကျင့်​ဆောင်​ကြ​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ မိ​မိ​တို့​အ​လို​အ​တိုင်း​ပြု​မူ​ကျင့်​ဆောင် ကြ​မည်​မ​ဟုတ်​တော့​ချေ။-

40. ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​ရန် ပန်း​ပွား​များ​က သင်​တို့​ကို​သ​တိ​ပေး သ​ဖြင့်​သင်​တို့​သည်​ငါ့​အ​တွက်​ဆက်​ကပ် ထား​သော​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-

41. ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သင်​တို့​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

တော​လည် 15