35. ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။-
36. သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းထိုသူကိုစခန်းအပြင်သို့ထုတ် ပြီးလျှင် ကျောက်ခဲနှင့်ပစ်သတ်ကြလေသည်။
37. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
38. ``သင်တို့၏အဝတ်အင်္ကျီထောင့်စွန်းများ တွင်ပန်းပွားများပြုလုပ်၍ ပန်းပွားတစ်ခု စီတွင်ကြိုးပြာတပ်ထားရမည်။ သင်တို့ အမျိုးအစဉ်အဆက်ဤပညတ်ကိုစောင့် ထိန်းရမည်။-
39. သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-