တော​လည် 15:19-21 Common Language Bible (BCL)

19. ထို​ပြည်​မှ​ထွက်​သော​သီး​နှံ​ကို​စား​သုံး​ကြ သော​အ​ခါ အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-

20. ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-

21. သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။

တော​လည် 15