16. ကိုယ်တော်သည်ပေးမည်ဟုကတိထားတော်မူ သောပြည်သို့မပို့ဆောင်နိုင်သောကြောင့် ဤသူ တို့ကိုတောကန္တာရ၌အဆုံးစီရင်တော်မူ သည်ဟုပြောကြပါလိမ့်မည်။-
17-18. သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်ကိုယ်တော် ၏တန်ခိုးတော်ကိုပြတော်မူပါ။ ကိုယ်တော်က`ငါ ထာဝရဘုရားသည်သည်းခံသောသဘောရှိ ၏။ မေတ္တာကရုဏာနှင့်ကြွယ်ဝ၍ဒုစရိုက်အပြစ် နှင့်ပုန်ကန်ခြင်းအပြစ်တို့ကိုလွှတ်တော်မူ၏။ သို့ သော်လည်းမိဘတို့၏အပြစ်အတွက်သူတို့ ၏သားမြေးမှစ၍တတိယမျိုးဆက်၊ စတုတ္ထ မျိုးဆက်သို့တိုင်အောင်ပင်ဒဏ်ခတ်တော်မူမည်' ဟုကတိထားတော်မူသည့်အတိုင်းပြုတော် မူပါ။-
19. အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။
20. ထိုအခါထာဝရဘုရားက``သင်တောင်းပန် သည့်အတိုင်း ငါသည်သူတို့၏အပြစ်ကို လွှတ်တော်မူမည်။-
21. ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-