24. (ဣသရေလအမျိုးသားတို့သည်စပျစ် ခိုင်ကိုဖြတ်ယူသဖြင့် ထိုအရပ်သည်ဧရှ ကောလချိုင့်ဝှမ်းဟုခေါ်တွင်လေသည်။)
25. သူလျှိုတို့သည်ခါနာန်ပြည်ကိုရက်ပေါင်း လေးဆယ်စုံစမ်းထောက်လှမ်းပြီးနောက်၊-
26. မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-
27. သူတို့ကမောရှေအား``အကျွန်ုပ်တို့သည်ထို ပြည်သို့သွားရောက်စုံစမ်းထောက်လှမ်း၍ ထို ပြည်သည်အစာရေစာပေါကြွယ်ဝ၍ မြေ သြဇာထက်သန်ကြောင်းသိရှိရပါ၏။ ဤ သစ်သီးများသည်ထိုပြည်မှထွက်သော သစ်သီးဖြစ်ပါသည်။-
28. သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။-
29. အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။