22. ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
23. ထိုနောက်သူတို့သည်ဧရှကောလချိုင့်ဝှမ်း သို့ရောက်၍ စပျစ်သီးတစ်ခိုင်ကိုဖြတ်ယူကြ သည်။ ထိုစပျစ်ခိုင်မှာအလွန်လေးလံသဖြင့် လူနှစ်ယောက်ထမ်းပိုးလျှို၍ထမ်းရသည်။ သူ တို့သည်သလဲသီးနှင့်သဖန်းသီးအချို့ ကိုလည်းယူခဲ့ကြသည်။-
24. (ဣသရေလအမျိုးသားတို့သည်စပျစ် ခိုင်ကိုဖြတ်ယူသဖြင့် ထိုအရပ်သည်ဧရှ ကောလချိုင့်ဝှမ်းဟုခေါ်တွင်လေသည်။)
25. သူလျှိုတို့သည်ခါနာန်ပြည်ကိုရက်ပေါင်း လေးဆယ်စုံစမ်းထောက်လှမ်းပြီးနောက်၊-
26. မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-