19. ထိုပြည်သည်နေထိုင်ဖွယ်ကောင်းသည်မကောင်း သည်ကိုလည်းကောင်း၊ မြို့များသည်တံတိုင်း အကာအရံရှိသည်မရှိသည်ကိုလည်း ကောင်းစုံစမ်းထောက်လှမ်းလော့။-
20. ထိုပြည်သည်မြေသြဇာထက်သန်သည်မထက် သန်သည် တောထူထပ်သည်မထူထပ်သည်ကို လည်းစုံစမ်းထောက်လှမ်းလော့။ ထိုပြည်မှထွက် သောသစ်သီးအချို့ကိုလည်းယူခဲ့လော့'' ဟု မှာကြားလေသည်။ (ထိုအချိန်သည်စပျစ် သီးမှည့်စအချိန်ဖြစ်၏။)
21. သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။-
22. ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
23. ထိုနောက်သူတို့သည်ဧရှကောလချိုင့်ဝှမ်း သို့ရောက်၍ စပျစ်သီးတစ်ခိုင်ကိုဖြတ်ယူကြ သည်။ ထိုစပျစ်ခိုင်မှာအလွန်လေးလံသဖြင့် လူနှစ်ယောက်ထမ်းပိုးလျှို၍ထမ်းရသည်။ သူ တို့သည်သလဲသီးနှင့်သဖန်းသီးအချို့ ကိုလည်းယူခဲ့ကြသည်။-
24. (ဣသရေလအမျိုးသားတို့သည်စပျစ် ခိုင်ကိုဖြတ်ယူသဖြင့် ထိုအရပ်သည်ဧရှ ကောလချိုင့်ဝှမ်းဟုခေါ်တွင်လေသည်။)
25. သူလျှိုတို့သည်ခါနာန်ပြည်ကိုရက်ပေါင်း လေးဆယ်စုံစမ်းထောက်လှမ်းပြီးနောက်၊-
26. မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-
27. သူတို့ကမောရှေအား``အကျွန်ုပ်တို့သည်ထို ပြည်သို့သွားရောက်စုံစမ်းထောက်လှမ်း၍ ထို ပြည်သည်အစာရေစာပေါကြွယ်ဝ၍ မြေ သြဇာထက်သန်ကြောင်းသိရှိရပါ၏။ ဤ သစ်သီးများသည်ထိုပြည်မှထွက်သော သစ်သီးဖြစ်ပါသည်။-
28. သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။-