1. မောရှေသည်မိဒျန်အမျိုးသမီးတစ်ဦး နှင့်စုံဖက်သဖြင့် မိရိအံနှင့်အာရုန်တို့ ကသူ့အားအပြစ်တင်ကြလေသည်။-
2. သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
3. (မောရှေသည်စိတ်နှိမ့်ချသူဖြစ်၏။ ကမ္ဘာပေါ် တွင်သူကဲ့သို့စိတ်နှိမ့်ချသူတစ်ယောက်မျှ မရှိ။)
4. ချက်ချင်းပင်ထာဝရဘုရားသည်မောရှေ၊ အာရုန်နှင့်မိရိအံတို့အား``သင်တို့သုံး ဦးစလုံးတဲတော်သို့လာခဲ့ကြလော့'' ဟု မိန့်တော်မူ၏။ သူတို့သည်တဲတော်သို့ရောက်ရှိ သောအခါ၊-