24. မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။-
25. ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
26. ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။-