တော​လည် 11:23-28 Common Language Bible (BCL)

23. ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

24. မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။-

25. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။

26. ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ထဲ​မှ​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ် ဆို​သူ​နှစ်​ဦး​သည် တဲ​တော်​သို့​မ​သွား​ဘဲ​စ​ခန်း ထဲ​တွင်​ကျန်​ရစ်​ခဲ့​ကြ​၏။ သူ​တို့​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​သက်​ဆင်း​လာ​သော​အ​ခါ သူ​တို့​သည်​လည်း ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​သည်။-

27. လူ​ငယ်​တစ်​ဦး​က​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​ပြု မူ​ပုံ​ကို မော​ရှေ​ထံ​သို့​ပြေး​၍​ပြော​ကြား​၏။

28. ထို​အ​ခါ​ငယ်​စဉ်​က​တည်း​က​မော​ရှေ​ကို​ကူ ညီ​ခဲ့​သော​နုန်​၏​သား​ဖြစ်​သော ယော​ရှု​က မော​ရှေ​အား``အ​ရှင်၊ သူ​တို့​ကို​တား​မြစ် ပါ'' ဟု​တိုက်​တွန်း​လေ​သည်။

တော​လည် 11