20. အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
21. မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
22. သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။
23. ထာဝရဘုရားက``ငါမတတ်နိုင်သည့်အရာ ရှိသလော။ ငါမိန့်တော်မူသမျှအတိုင်းဖြစ် မည်မဖြစ်မည်ကိုသင်မကြာမီတွေ့မြင်ရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
24. မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။-
25. ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
26. ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။-
27. လူငယ်တစ်ဦးကဧလဒဒ်နှင့်မေဒဒ်တို့ပြု မူပုံကို မောရှေထံသို့ပြေး၍ပြောကြား၏။
28. ထိုအခါငယ်စဉ်ကတည်းကမောရှေကိုကူ ညီခဲ့သောနုန်၏သားဖြစ်သော ယောရှုက မောရှေအား``အရှင်၊ သူတို့ကိုတားမြစ် ပါ'' ဟုတိုက်တွန်းလေသည်။