တော​လည် 10:8-11 Common Language Bible (BCL)

8. ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ရုန် ၏​သား​များ​က တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရ​မည်။ ``အောက်​ပါ​ပ​ညတ်​ကို​သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-

9. သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။-

10. ထို့​အ​ပြင်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ဖြစ်​သော​လ​ဆန်း ပွဲ​များ​နှင့်​အ​ခြား​ဘာ​သာ​ရေး​ပွဲ​များ​တွင် မီး ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ်​ကို​ပူ​ဇော်​သော အ​ခါ သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ် ရ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အား​ကူ​ညီ ထောက်​မ​တော်​မူ​မည်။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သည်'' ဟု​မိန့်​တော်​မူ​၏။

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ရက်​နေ့​တွင်​တဲ​တော် ကို​ဖုံး​လွှမ်း​နေ​သော​မိုး​တိမ်​သည်​အ​ထက် သို့​တက်​ကြွ​သ​ဖြင့်၊-

တော​လည် 10