7. သို့ဖြစ်၍တံပိုးခရာကိုပြတ်တောင်းမှုတ်သည့် အခါ စခန်းဖြုတ်ရကြမည်။ သို့ရာတွင်လူ အပေါင်းတို့ကိုစုဝေးစေရန်ဆင့်ခေါ်သည့် အခါ တံပိုးခရာကိုအသံရှည်ဆွဲ၍မှုတ် ရမည်။-
8. ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။-
9. သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-