တော​လည် 10:4-7 Common Language Bible (BCL)

4. တံ​ပိုး​ခ​ရာ​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်​သား ချင်း​စု​ခေါင်း​ဆောင်​တို့​သာ​လျှင် သင့်​ထံ​သို့ စု​ရုံး​လာ​ရ​ကြ​မည်။-

5. တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ်​တောင်း​မှုတ်​လျှင် အ​ရှေ့​ဘက်​တွင်​စ​ခန်း​ချ​သော​ဣ​သ​ရေ​လ အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ​ကြ​မည်။-

6. ဒု​တိ​ယ​အ​ကြိမ်​တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ် တောင်း​မှုတ်​လျှင် တောင်​ဘက်​တွင်​စ​ခန်း​ချ​သော ဣ​သ​ရေ​လ​အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ ကြ​မည်။-

7. သို့​ဖြစ်​၍​တံ​ပိုး​ခ​ရာ​ကို​ပြတ်​တောင်း​မှုတ်​သည့် အ​ခါ စ​ခန်း​ဖြုတ်​ရ​ကြ​မည်။ သို့​ရာ​တွင်​လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​ရန်​ဆင့်​ခေါ်​သည့် အ​ခါ တံ​ပိုး​ခ​ရာ​ကို​အ​သံ​ရှည်​ဆွဲ​၍​မှုတ် ရ​မည်။-

တော​လည် 10