31. ထိုအခါမောရှေက``ငါတို့ကိုစွန့်ပစ်၍မထား ခဲ့ပါနှင့်။ သင်သည်တောကန္တာရခရီးလမ်းသိ ကျွမ်းသူဖြစ်သဖြင့် စခန်းချရာအရပ်ကို ငါတို့အားညွှန်ပြနိုင်မည်ဖြစ်သည်။-
32. ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
33. ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
34. သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။
35. ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-
36. ပဋိညာဉ်သေတ္တာတော်ရပ်နားသောအခါ``အို ထာဝရဘုရား၊ ထောင်သောင်းမကသောဣသ ရေလအမျိုးသားတို့ထံသို့ပြန်ကြွတော် မူပါ'' ဟူ၍လည်းကောင်းလျှောက်ဆိုလေ့ရှိ၏။