17. ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
18. ထိုနောက်ရုဗင်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို ရှေဒုရ၏သားဧလိ ဇုရသည်အုပ်ချုပ်လျက်တပ်စုအလိုက်ချီ တက်ရသည်။-
19. ဇုရိရှဒ္ဒဲ၏သားရှေလုမျေလသည် ရှိမောင် အနွယ်ကိုလည်းကောင်း၊-
20. ဒွေလ၏သားဧလျာသပ်သည်ဂဒ်အနွယ် ကိုလည်းကောင်းအုပ်ချုပ်ရသည်။
21. ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
22. ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
23. မနာရှေ၏အနွယ်ကိုပေဒါဇုရ၏သား ဂါမလျေလအုပ်ချုပ်ရသည်။-
24. ဗင်္ယာမိန်အနွယ်ကိုဂိဒေါနိ၏သားအဘိဒန် အုပ်ချုပ်ရသည်။
25. နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
26. အာရှာအနွယ်ကိုသြကရန်၏သားပါဂျေလ အုပ်ချုပ်၍၊-
27. နဿလိအနွယ်ကိုဧနန်၏သားအဟိရ အုပ်ချုပ်ရသည်။-
28. ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။
29. မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။