11. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
12. သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
13. သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။-
14. ခရီးထွက်သည့်အခါတိုင်းသတ်မှတ်ထား သောအစီအစဉ်အရချီတက်ကြသည်။ ယုဒအနွယ်တပ်အလံနောက်မှလိုက်ရသော လူစုကို အမိနဒပ်၏သားနာရှုန်ကအုပ် ချုပ်ရသည်။ သူတို့သည်တပ်စုအလိုက်ရှေ့ ဆုံးမှချီတက်ရသည်။-
15. ဣသခါအနွယ်ကိုဇုအာ၏သားနာသ နေလကလည်းကောင်း၊-
16. ဇာဗုလုန်အနွယ်ကိုဟေလုန်၏သားဧလျာဘ ကလည်းကောင်းအုပ်ချုပ်ရသည်။
17. ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
18. ထိုနောက်ရုဗင်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို ရှေဒုရ၏သားဧလိ ဇုရသည်အုပ်ချုပ်လျက်တပ်စုအလိုက်ချီ တက်ရသည်။-
19. ဇုရိရှဒ္ဒဲ၏သားရှေလုမျေလသည် ရှိမောင် အနွယ်ကိုလည်းကောင်း၊-
20. ဒွေလ၏သားဧလျာသပ်သည်ဂဒ်အနွယ် ကိုလည်းကောင်းအုပ်ချုပ်ရသည်။
21. ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
22. ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
23. မနာရှေ၏အနွယ်ကိုပေဒါဇုရ၏သား ဂါမလျေလအုပ်ချုပ်ရသည်။-