1. ထာဝရဘုရားသည်မောရှေအား၊-
2. ``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။-
3. တံပိုးခရာနှစ်လုံးစလုံးကိုအသံရှည်ဆွဲ ၍မှုတ်သည့်အခါ လူအပေါင်းတို့သည်တဲ တော်တံခါးဝရှိသင့်ထံသို့စုရုံးလာရ ကြမည်။-
4. တံပိုးခရာတစ်လုံးတည်းကိုမှုတ်လျှင်သား ချင်းစုခေါင်းဆောင်တို့သာလျှင် သင့်ထံသို့ စုရုံးလာရကြမည်။-
5. တံပိုးခရာမှအသံပြတ်တောင်းမှုတ်လျှင် အရှေ့ဘက်တွင်စခန်းချသောဣသရေလ အနွယ်တို့ခရီးစထွက်ရကြမည်။-
6. ဒုတိယအကြိမ်တံပိုးခရာမှအသံပြတ် တောင်းမှုတ်လျှင် တောင်ဘက်တွင်စခန်းချသော ဣသရေလအနွယ်တို့ခရီးစထွက်ရ ကြမည်။-
7. သို့ဖြစ်၍တံပိုးခရာကိုပြတ်တောင်းမှုတ်သည့် အခါ စခန်းဖြုတ်ရကြမည်။ သို့ရာတွင်လူ အပေါင်းတို့ကိုစုဝေးစေရန်ဆင့်ခေါ်သည့် အခါ တံပိုးခရာကိုအသံရှည်ဆွဲ၍မှုတ် ရမည်။-
8. ယဇ်ပုရောဟိတ်များဖြစ်ကြသောအာရုန် ၏သားများက တံပိုးခရာကိုမှုတ်ရမည်။ ``အောက်ပါပညတ်ကိုသင်တို့အမျိုး အစဉ်အဆက်လိုက်နာစောင့်ထိန်းရမည်။-
9. သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-
10. ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။
11. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
12. သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။